C- Box မှာ Administrator Password ကို CMD(Command) ကနေ ဘယ်လို ဖျက်မလဲဆိုတာကို
မေးထားလို့ ပြန်ပေးပေးလိုက်တဲ့ပို့စ်ပါ။ CMD က မဟုတ်ပဲ သာမန်ဒီတိုင်းဆိုရင်တော့
လွယ်ပါတယ်။
Control Panel ထဲသွားပြီး User
Account ကနေ Remove ပေးလိုက်ရင် ရပါပြီ။
အခု CMD ကနေ ဘယ်လိုဖယ်ရှားမလဲဆိုတာကို
ပြောပါမယ်။
Window Admin ကို Password ခံထားရင် ဒီလို မြင်တွေ့ရပါမယ်။
( Control Panel --User Account -- Administrator ) ။
Password Protect ဆိုတာလေးကို တွေ့မှာပါ။
အဲဒါက Password ခံထားတယ်ဆိုတာကို ဆိုလိုတာပါ။
အခု အဲဒီ Password ကို CMD ကနေ ဖျက်ကြည့်မယ်။ အရင်ဆုံး Start
-- Run --မှာ cmd လို့ ရိုက်ထည့်ပါ
။ အဲဒါမှ မရဘူးဆိုရင် cmd.exe လို့ ရိုက်ထည့်ပါ။ CMD
Box ကျလာပါမယ်။ အဲဒီမှာ net user လို့
ရိုက်ပြီး Enter ခေါက်ပါ။
နောက်တဆင့်မှာ Admin
Accounts Name ကို ရှာပါ။ တွေ့ရင် net user (Admin Accounts
Name) * လို့ ရိုက်ထည့်ပါ။ ကွင်းတွေ မပါပါဘူး။ အောက်က
ပုံမှာဆို Admin Accounts Name က NCK ဖြစ်လို့ net user NCK *
လို့ ရိုက်ပါတယ်။ ပြီးရင် Enter
ခေါက်လိုက်ပါ။
အဲဒီမှာ ပေါ်လာမှာက -
Type a password for the user : ( ဘာမှ မရိုက်ပါနဲ့ Enrer ဆက်ခေါက်လိုက်ပါ )
Retype the password to comfirm : ( ဘာမှ မရိုက်ပါနဲ့ Enrer ဆက်ခေါက်လိုက်ပါ )
The command complete successfully ဆိုတာပေါ်လာပါမယ်။ ဒါဆို ရပါပြီ။
Control Panel ထဲသွားပြီး User Account ကိုသွားကြည့်လိုက်ပါ ။ Password Protect ဆိုတာ မရှိတော့ပါဘူး ။
ဒါဆိုရင်တော့ရသွားပါပီခင်ဗျာ...
လက်ကပြင်းနိုင်လွန်းမှတတ်သည့် အိုင်တီပညာ ပါခင်ဗျာ.....
No comments:
Post a Comment