Tuesday, October 9, 2012

Explorer ကို auto တက်လာရန်

ပိုစ့်ခေါင်းစဉ်ကို အမှတ်တမဲ့ ကြည့်ပြီး မျက်စိလည်သွားတယ်ဆိုရင် ခွင့်လွှတ်ပါခင်ဗျာ
ကျနော်မိတ်ဆွေ တစ်ဦးဖြစ်ပျက်တဲ့ အကြောင်းအရာလေးကို ပြောပြလိုက်မယ်ဆိုရင် ရှင်းသွားမှာပါခင်ဗျာ ..
သူရဲ့ ကွန်ပျုတာကို စဖွင့်လိုက်တဲ့ အချိန်မှာ Desktop ကြီးပေါ် လာပြီးဆိုပါတော့
အဲဒီအချိန်မှာ Desktop ပေါ်မှာ Taskbar တို့ desktop ပေါ် မှာရှိတဲ့ icon တို့ ဆိုတာတွေဘာမှ မရှိဘူးခင်ဗျာ့

သူလုပ်တဲ့နည်းလမ်းလေး တစ်ခုကို ပြောပြပါရစေ
အရေးပေါ်လွယ်လွယ်ကူကူလုပ်တဲ့နည်းလမ်းလေးပါခင်ဗျာ
Ctrl+Alt+Delete ကို နိုပ်၍ TaskManager ကိုဖွင့်ပါတယ် ပြီးတော့ New Task ကို ကလစ်တယ် ပေါ်လာတဲ့ box
လေးမှ Browse ကိုကလစ်တယ် My Computer > C: >
Windows အထိသွားတယ် ပြီးရင် explorer.exe ရှာတယ် တွေရင် ရွေး၍ open တို့ ok တို့ နဲ့ ထွက်လာတယ်
ဒါဆိုရင် Desktop ပေါ်မှ သာမန်ပေါ်နေကြအတိုင်း Taskbar တို့  Desktop ပေါ်မှာရှိနေသင့်တဲ့အရာတွေ အားလုံးမြင်ရပြီးခင်ဗျာ
ဒါဟာ Manual လုပ်နည်းပါ Normal Startup မဟုတ်ပါဘူး
ဒါကို Manual မလုပ်ဘဲ ပုံမှန် windows တက်ရိုးတက်စဉ်အတိုင်း တက်စေချင်ရင်...

(၁) runbox တွင် regedit ကိုရိုက်၍ enter နိုပ်ပါ
(၂) ဘယ်ဘက်အခြမ်းတွင်ရှိ Hkey Local Machine >Software > Microsoft > Windows NT > Winlogon အထိသွားပါ။
(၃) ပြီးရင် ညာဘက်အခြမ်းတွင် Shell ကို နှစ်ချက်ကလစ်ပါ။ Value Data တွင် explorer.exe ဟုသာရှိရပါမည်။
အခြားစာသားများ ဖြစ်ပေါ်နေပါက ဖျက်၍ explorer.exe
ဟုရိုက်ထည့်၍ OK နှင့်ထွက် restart လုပ် windows ပြန်တက်လာလျှင် အားလုံးအဆင်ပြေနေပါလိမ့်မည်။



No comments:

Post a Comment