Saturday, September 8, 2012

Internet Error Code အမှားများအကြောင်း


404 Bad Request
Internet မှာ လိုချင်တဲ့ webpage တစ်ခုကိုရှာဖွေတဲ့အခါမှာ server ဟာရှာမတွေ့တာ၊
ဒါမှမဟုတ် အသုံးပြုခွင့်မပြုတာကြောင့် ဖြစ်ရတဲ့ အမှားတစ်ခုဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် စကားလုံးရိုက်တဲ့အခါမှာ စာလုံးအကြီး၊ အသေး (e.g.
www.YahOo.com) ဆိုသလိုမှားရိုက်မိတာကြောင့်လည်း တွေ့ရတတ်တဲ့အမှားမျိုးလည်း ဖြစ်နိုင်ပါတယ်။

404 – Not Found

လိုချင်တဲ့စာမျက်နှာဟာ တစ်ခါတစ်လေမှာ ဖယ်ရှားခံထားရတတာမျိုး ဖြစ်နိုင်ပါတယ်။

တချို့ website တွေဟာ သတင်းတစ်ပုဒ်ကို ခဏတာဖော်ပြပေးပြီး ချက်ချင်း ဖယ်ရှားပစ်လိုက်တာမျိုးကြောင့်ဖြစ်နိုင်သလို Password ဒါမှမဟုတ် တားဆီးပိတ်ပင်ခံရတဲ့ လိပ်စာဖြစ်တာကြောင့်လည်း မတွေ့ရတဲ့ အခါမှာဖြစ်ပေါ်တတ်သော Error အမှားဖြစ်ပါတယ်။

403 – For Hidden

အဓိကအားဖြင့် Password လိုအပ်တာကြောင့် ဖြစ်တတ်ပြီး တစ်ခါတစ်လေမှာ အဲဒီ website ဟာ Black list မှာပါဝင်နေတဲ့ အတွက်ကြောင့်လည်း ISP ကခွင့်မပြုတာမျိုးဆိုရင်လဲ “403-For Hidden” ဆိုပြီး အဖြူ၊ အမည်း အရောင်တွေနဲ့ webpage ရဲ့ဘယ်ဘက်ထောင့်မှာတွေ့ရပါလိမ့်မည်။

401 – Unauthorized

တစ်ခါတစ်လေမှာ Webpage ရဲ့ရှုပ်ထွေးလှတဲ့ လိပ်စာတွေကို အတိအကျ မှတ်မိပေမဲ့ page တစ်ချို့ကိုတော့ ခွင့်မပြုဘဲရှိတတ်ပါတယ်။ (e.g.
www.abc.com) ကိုတော့ကြည့်ခွင့်ပေးပေမယ့် နောက်ဆက်တွဲ www.abc.com/member _login.php ဆိုတာမျိုးကိုတော့ ကြည့်ခွင့်ရရှိဖို့ လုံလောက်တဲ့ password and username ရှိရပါမယ်။

503 Service Unavailable

Unavailable ဆိုတာဟာ ခံနိုင်ရည်ထက် ကျော်လွန်ပြီး ခိုင်းစေတာမျိုးဖြစ်ပါတယ်။ (e.g.
www.yahoo.com website ကို Spam တွေနဲ့ပိတ်ဆို့နေခဲ့တဲ့အချိန်မှာ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ တခြား yahoo သုံးစွဲသူတွေဟာ yahoo ကိုဝိုင်းဝန်း access လုပ်ကြတဲ့အတွက် server ဟာရုတ်တရက်မှာ အလုပ်များပြီး down သွားခဲ့ရပါတယ်။ အဲဒီလို အဖြစ်အပျက်မျိုးကို Google လည်းတစ်ခါတစ်လေမှာဖြစ်တတ်လေ့ရှိပါတယ်။

Proxy server is refusing
ကိုယ့်ရဲ့ ကွန်ပြူတာကို internet ချိတ်ဆက်ပေးတဲ့ modem နဲ့သွယ်တန်းထားတဲ့ server ကွန်ပြူတာဆိုတာရှိပါတယ်။ (Home User တွေ အတွက်ကတော့ ကိုယ်ကိုယ့်တိုင်ရဲ့ PC ဟာ server ဖြစ်နိုင်ပါတယ်။) အဲဒီ server ကွန်ပြူတာကနေ ပြန်လည်ပြီး network ခွဲဝေပေးတဲ့အခါမှာ serverမှာ ip address ထည့်သွင်းတာမှားယွင်းနေခဲ့ရင် “Proxy server is refusing” ဆိုပြီး ပေါ်နေတတ်ပါတယ်။ (e.g. proxy IP ဟာ “cache_dsl.bagan.net.mm” ဒါမှမဟုတ် အဲဒီလိုမျိုး ခပ်ဆင်ဆင် လိပ်စာကြောင့်လည်းဖြစ်ပါလိမ့်မည်

C- Box မှာ Administrator Password ကို CMD(Command) ကနေ ဘယ်လို ဖျက်မလဲ


C- Box မှာ Administrator Password ကို CMD(Command) ကနေ ဘယ်လို ဖျက်မလဲဆိုတာကို
မေးထားလို့ ပြန်ပေးပေးလိုက်တဲ့ပို့စ်ပါ။ CMD က မဟုတ်ပဲ သာမန်ဒီတိုင်းဆိုရင်တော့ လွယ်ပါတယ်။
Control Panel ထဲသွားပြီး User Account ကနေ Remove ပေးလိုက်ရင် ရပါပြီ။
အခု CMD ကနေ ဘယ်လိုဖယ်ရှားမလဲဆိုတာကို ပြောပါမယ်။
Window Admin ကို Password ခံထားရင် ဒီလို မြင်တွေ့ရပါမယ်။
( Control Panel --User Account -- Administrator )
Password Protect ဆိုတာလေးကို တွေ့မှာပါ။ အဲဒါက Password ခံထားတယ်ဆိုတာကို ဆိုလိုတာပါ။
အခု အဲဒီ Password ကို CMD ကနေ ဖျက်ကြည့်မယ်။ အရင်ဆုံး Start -- Run --မှာ cmd လို့ ရိုက်ထည့်ပါ ။ အဲဒါမှ မရဘူးဆိုရင် cmd.exe လို့ ရိုက်ထည့်ပါ။ CMD Box ကျလာပါမယ်။ အဲဒီမှာ net user လို့ ရိုက်ပြီး Enter ခေါက်ပါ။


နောက်တဆင့်မှာ Admin Accounts Name ကို ရှာပါ။ တွေ့ရင် net user (Admin Accounts Name) * လို့ ရိုက်ထည့်ပါ။ ကွင်းတွေ မပါပါဘူး။ အောက်က ပုံမှာဆို Admin Accounts Name က NCK ဖြစ်လို့ net user NCK * လို့ ရိုက်ပါတယ်။ ပြီးရင် Enter ခေါက်လိုက်ပါ။


အဲဒီမှာ ပေါ်လာမှာက -

Type a password for the user : ( ဘာမှ မရိုက်ပါနဲ့ Enrer ဆက်ခေါက်လိုက်ပါ )
Retype the password to comfirm : ( ဘာမှ မရိုက်ပါနဲ့ Enrer ဆက်ခေါက်လိုက်ပါ )
The command complete successfully ဆိုတာပေါ်လာပါမယ်။ ဒါဆို ရပါပြီ။


Control Panel ထဲသွားပြီး User Account ကိုသွားကြည့်လိုက်ပါ ။ Password Protect ဆိုတာ မရှိတော့ပါဘူး ။


ဒါဆိုရင်တော့ရသွားပါပီခင်ဗျာ...

လက်ကပြင်းနိုင်လွန်းမှတတ်သည့်  အိုင်တီပညာ ပါခင်ဗျာ.....

CPU ပျက်ရင်ဘယ်လိုသိနိုင်မလဲ


တကယ်တော့ processor တစ်လုံးပျက်ဖို့ ဆိုတာ အင်မတန်မှ ဖြစ်ခဲတဲ့  ကိစ္စပါ..ပျက်တာမရှိဘူး လား ဆိုရင်တော့ ရှိတာပေါ့ဗျာ..ရာခိုင်နှုန်းနည်းပါးတယ်လို့ ဆိုလိုချင်တာပါ..ကွန်ပျူတာ တစ်ခုလုံးရဲ့  ဦးနှောက် ဟုတင်စားခေါ်ဝေါ်သည့် cpu ဘာကြောာင့်ပျက်ရသလဲ ပျက်လျင်ဘယ်လိုသိနိုင်မလဲ ဆိုတာ လေ့လာ ရအောင်………..
CPU ပျက်နိုင်သည့်အကြောင်းများ
1.cpu over heat
2.cpu pin
3.cpu fan
4.cpu heat sink
5.ESD
6.Enviroment စသောအကြောင့်များကြောင့် cpu ပျက်နိုင်သည်..
1.cpu over heat
CPU over heat ဖြစ်ရခြင်းမှာ cpu ကိုပေးသော power က ငြိမ်သက်မှုမရှိပဲသာမှန်ပေးရမည့် ဗို့  အား ထက်ပိုပေးနေခြင်းကြောင့် cpu ဗို့ အားအရမ်းတက်လာပြီး လောင်သွားနိုင်သည်..ရုတ်တစ်ရက် ဆောင့်တက်လိုက်သော့  Load ကိုမခံနိုင်သောကြောင့်လည်းဖြစ်နိုင်သည်..ကျနော်တို့  cpu တပ်ဆင်ရင် သူ့ အပေါ်ကနေ heat sink ကိုတပ်ဆင်ပေးရပါတယ်..heat sink ဆိုတာ cpu ကနေထွက်လာတဲ့ အပူတွေကို ကူးပြောင်းရယူပြီး အပူတွေပြန့် ထွက်သွားအောင်လုပ်ပေးတဲ့ အရာ ပါပဲ အဲဒီ heat sink ကိုမှအပေါ်ကနေ fan တပ်ပြီး heat sink ကအပူတွေကို အပြင်ကိုဖယ်ထုတ်တာပါ..ဒီအလုပ်လုပ်ပုံကိုကြည့်ခြင်းအားဖြင့် cpu ကနေ ထွက် လာတဲ့ အပူကို heat sink ကယူရပါတယ်..ဒီမှာ cpu ကနေ ထွက်တဲ့ အပူကိုသာ heat sink ကယူမပေးနိုင်ဘူးဆိုရင် cpu chip လေးက အပူလွန်ကဲပြီး လောင် သွားနိုင်တယ်..ဘယ်လိုအခြေနေမှာဖြစ်လဲဆိုတော့ တပ်ထားတဲ့ heat sink က လှုပ်နေတဲ့အခါမျိုး..cpu နဲ့ heat sink ကြားမှာထိကပ်မနေပဲ ကွာဟနေတဲ့ အခါ မျိုးတွေမှာဖြစ်နိုင်ပါတယ်..ဒါကြောင့် heat sink ကိုတပ်ဆင်တဲ့အခါမှာ heat sink ကိုလှုပ်မနေအောင် သေချာတပ်ဆင်ပေးဖို့ လိုအပ်ပါတယ်..ဒါက heat sink ပေါ့လေ..နောက် over heat ဖြစ်စေနိုင်တဲ့ တစ်ချက်က fan ပေါ့.. heat sink အပေါ်မှာတပ်ထားတဲ့  fan မလည်တော့ဘူး ဆိုရင် heat sink လည်းသူတတ်နိုင် သမျှပဲအပူကိုထိန်းထားနိုင်မယ်..ဒီထက် ပိုပူလာရင် မတတ်နိုင် တော့တဲ့အတွက် cpu မှာ အရမ်းပူလာပါတော့တယ်..ဒါက fan မလည်တော့တဲ့အတွက်ကြောင့် ဖြစ်ရ တဲ့အချက်ပါ..ဒါကြောင့် cpu fan လည် ခြင်းမလည်ခြင်းကလည်း cpu သက်တမ်းကို စောင့်ရှောက် မှု မှာအရေးပါနေပါတယ်..cpu fan ကလက်နဲ့ အသာ လေးတောက်ကြည့်ရင် သွက်သွက်လက်လက် နေ သင့်ပါတယ်..ဒီလိုမဟုတ်ပဲလည်ပတ်နှုန်း တအားနှေးနေမယ် ဒါမှမဟုတ်လုံးဝမလည်တော့ရင် cpu fan ၀ယ်လဲ ပေးသင့်ပါပြီ..
2.cpu pin
Cpu pin အကြောင်းဘာလို့ ရေးရလဲဆိုတော့ ကွန်ပျူတာ maintainence လုပ်တဲ့အခါမှာ သော်လည်းကောင်း cpu အသစ်တစ်လုံးကို ဆင်တဲ့အခါမှာသော် လည်းကောင်း ဖြစ်တတ်တဲ့အရာ တစ်ခုဖြစ်ပါတယ်.. ကွန်ပျူတာ maintainence လုပ်လို့ cpu ကို motherboard socket အတွင်းမှ ဖြုတ်ယူသည့်အခါ သတိထားယူရပါတယ်..cpu မှာ Pin လေးတွေပါရှိပါတယ် အဲဒီ pin တွေက ကွေးကောက်သွားခြင်း ကျိုးသွားခြင်းမဖြစ်အောင် ဖြုတ်ရပါတယ်..အကယ်၍ pin များကွေးခြင်း ကျိုးခြင်းဖြစ်ပါက cpu ကပုံမှန်အတိုင်းအလုပ်မလုပ်နိုင်ပဲ restart ဖြစ်ခြင်း shut down ဖြစ်ခြင်း တွေကွန်ပျူတာမှာဖြစ်လာနိုင်ပါတယ်..
3.cpu fan
CPU fan လည်ခြင်းမလည်ခြင်းက cpu သက်တမ်းကို စောင့်ရှောက်ပါတယ်..မိမိကွန်ပျူတာမှာ cpu fan ဟာ သာမှန်ကွန်ပျူတာပါဝါပိတ်ထားတဲ့အချိန်မှာ fan လေးကိုလက်နဲ့ အသာလေးလည့်ကြည့်ရင် မြန်မြန်သွက်သွက်လေးလည်နေရပါမယ်..နှေးလွန်းခြင်း ဖုန်တွေ ရေငွေ့ တွေစိုထိန်းမှုကြောင့် fan မလည်နိုင်ခြင်း cpu fan wire ကြိုးက cpu fan နဲ့ သွားညှိနေခြင်းများဖြစ်တတ်သည်…cpu fan ကြိုးကိုတပ်ဆင်တဲ့အခါမှာ fan ရဲ့ အရွက်တွေနဲ့လွတ်လွတ် ကင်းကင်းတပ်ဆင် ပေး ပါ..ကြိုးနဲ့ fan အရွက် တွေညှိပြီး fan မလည်နိုင်တော့ပဲ cpu shutdown ဖြစ်ဖူးတဲ့ သာဓက တွေလည်းရှိပါတယ်.. cpu fan တွေမှာ တစ်မိနစ် လည်ပတ် နှနုးဘယ်လောက်ရှိရမယ်ဆိုတာသတ်မှတ်ထားပါတယ် အဲဒီသတ်မှတ်ထားတာထက်နှေးသွား၇င် သို့ တည်းမဟုတ် လုံးဝမလည်တော့ ရင် cpu fan ၀ယ်လဲ လိုက်ပါ..နို့ မဟုတ်ပဲ cpu fan ၀ယ်မလဲပါက cpu ပျက်စီးဖို့ အခွင့်အလမ်းနီး ပါတယ်….. ကျနော်ကြုံဖူးတယ် သူငယ်ချင်းတစ်ယောက်ဆီမှာပါပဲ ကွန်ပျူတာသွား ဆင်စဉ်ကပေါ့ စက်ဆင်တာက သူငယ်ချင်းရဲ့ စက်..သူ့ အခန်းဘေးက ညီလေးတစ်ယောက်ကလည်း သူ့ ကွန်ပျူတာ restart ခဏခဏ ကျနေလို့ ကြည့်ပေးပါဦး ဆိုပြီးလာခေါ်တော့ သွားကြည့်လိုက်တော့ cpu fan မလည် ပါဘူး..သူပြောတာတော့ power on ပြီးလို့  လက်နဲ့အသာလေးတို့ ပေးလိုက်မှလည်တာ ခနနေ ရပ်သွားတယ်တဲ့ ..အဲလိုလေးလုပ်လာတာ နှစ်လသုံးလလောက်ရှိပြီလို့ ပြောတယ်..cpu fan မှာ ကြည့်လိုက်တော့ ဖုန်တွေနဲ့ အလိမ်းလိမ်းပေါ့လေ..ဒါနဲ့  cpu fan ကိုဖြုတ်လိုက်ပြီး ဖုန်လေး ဘာလေး ခါလိုက်ပြီး fan ကိုလက်နဲ့ လည့်ကြည့်တာ မနည်းကိုလည့် နေရတယ်ဗျ.. သူ့ cpu fan မော်တာက လုံးဝကိုမလည်တော့တာ မော်တာမကောင်းတော့တာပေါ့ဗျာ.. ဒါနဲ့ သူ့ ကို cpu fan ကိုအမြန် ဆုံး ၀ယ်ဖို့ အကြံပြုပေးလိုက်တယ်..တစ်ရက်နှစ်ရက်လောက်နေတော့ကောင်းသွားပြီတဲ့  fan ၀ယ်လဲ လိုက်ပြီ restart လည်းမကျတော့ဘူးလို့ ပြောတယ်..ဒါကြောင့် cpu fan ကလည်း အရေးပါ တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်
4.cpu heat sink
CPU heat sink က cpu ကိုတပ်ဆင်တဲ့အခါမှာ အံကျအောင်စိုက်ပေးရပါမယ်..ပြီးတော့ heat sink ကိုလှုပ်မနေအောင် တပ်ဆင်ပေးရပါတယ် ဟနေလို့ မရပါဘူး cpu နဲ့  heat sink ကြား ဟနေရင် cpuရဲ့ အပူတွေက heat sink ကိုမရောက်နိုင်ပါဘူး..ဒါကြောင့် cpu heat sink ကိုသေချာလေး တပ်ဆင်ပေးရပါတယ်
5.ESD
လူ ရဲ့ ခန္ဓာကိုယ်မှာ electro static charge တွေရှိတယ်....ခုနောက်ပိုင်းလာတဲ့ computer electronic device တွေဟာ volt အားကိုနည်းနိုင်သမျှနည်းအောင် ပြုလုပ်တတ်ကြပါတယ်..Volt အားများရင် heat တွေများများထွက်မယ် heat တွေများများထွက်ရင် electronic devices တွေတာရှည်မခံပဲ လောင်ကျွမ်း ပျက်စီးမှာဖြစ်ပါတယ်..ဒါကြောင့် volt အားကို micro volt (or) mili volt လောက်ပဲထုတ်ထားတဲ့  ပစ္စည်းတွေ ဆိုရင် လူခန္ဓာကိုယ်က ထွက်တဲ့  heat နဲ့ ထိတွေလိုက်ရင်မခံနိုင်ပါဘူး..လောင်ကျွမ်းနိုင်ပါ တယ်..ဒါကြောင့် ကွန်ပျူတာအတွင်းက ပစ္စည်းကိုင်တော့မယ်ဆိုရင် မိမိလက်ကို casing အဖုံးလေးနဲ့ ခနမျှပွတ်ပေးခြင်းဖြင့် heat တွေကို Discharge လုပ်ခိုင်းတာပေါ့..အခုလဲ cpu အကြောင်းကိုပြောနေတာဖြစ်တဲ့အတွက် cpu ကို သေချာ မြင်ဖူးကိုင်ဖူးတဲ့သူတွေ ဆိုရင်သိပါလိမ့်မယ်.. cpu အောက်ခြေ မှာရှိတဲ့  pin လေးတွေကို လက်နဲ့  မထိ မကိုင် မိစေနဲ့  ဘေးနှစ်ဖက်ကနေခွကိုင်ပါ..အောက်ကပုံလေးတွင်cpu ကိုင်တွယ်ပုံကိုကြည့်နိုင်ပါတယ် သတိထားပြီး ကိုင်ပါ..အားကစားလုပ်တတ်တဲ့  သူတွေဆိုရင် ပိုသတိထားရမယ် အားကစားလုပ်ပြီးလို့ စက်ထဲက ပစ္စည်းကို ကလိတာမျိုး ရှောင်ကြဉ်သင့် တယ်...စောနကပြောတဲ့ခန္ဓာကိုယ်ကထွက်တဲ့  static charge က cpu ရဲ့ pin ကမှတဆင့် အထဲက chip ပြားလေးတွေကို shock တိုက်ပေးသလိုဖြစ်သွားရင် လောင်သွားနိုင်ပါတယ်..အဲလိုလောင်သွားရင်ပုံမှန်အခြေအနေတိုင်း အလုပ်မလုပ်နိုင်တော့ပါဘူး..ဒါဆိုရင် ESD ကြောင့် cpu ပျက်စီးတယ်လို့ ယူဆနိုင်ပါတယ်..cpu ကိုဖြုတ်တပ်လုပ်တဲ့အခါမှာလဲ အပူနဲ့ လွတ်ရာကင်း ရာ မှာ ပြုလုပ်ပါ..


CPU ကိုင်တွယ်ပုံ

6.Enviroment
Enviroment ဆိုတဲ့အခြေအနေမှာ ထိမိခိုက်မိ၍ပျက်စီးခြင်း ရေ မီး တစ်ခုခုကြောင့်ပျက်စီးခြင်း နဲ့အတူ cpu တစ်လုံးပျက်စီးစေဖို့ အကြောင်းရင်းများ အားလုံး ပါဝင်ပါတယ်..cpu မကောင်းတော့ရင် ဖြစ်တတ်သောလက္ခဏာ မှာ restart ခဏဏ ကျခြင်း shutdown ဖြစ်ချင်း စက် ဖွင့် ပြီး နာရီဝက်လောက်နေရင် freeze (စက်ဝပ်သွားခြင်း)စသည်တို့ ဖြစ်တတ်သည်..အထက်မှဆွေးနွေးချက်များထဲမှ cpu problem ဖြစ်ပေါ်လာပါက cpu fan နဲ့  heat sink တို့ ကို စစ်ဆေး ပေးကြည့်ပါ..စစ်ဆေးပြီးသည့်တိုင် cpu က problem ဖြစ်နေလျင် အမျိုးအစားတူ socket တူ cpu ကိုအစားထိုးလဲလှယ်ခြင်း မိမိ cpu ကိုအခြားအမျိုးအစားတူ motherboard socket မှာတပ်ဆင် ကြည့်ပါ..တခြား motherboard မှာ တော့ မိမိ cpu ကအကောင်းပကတိအတိုင်းအလုပ်လုပ်နေလျင် မိမိစက်မှ cpu ကြောင့်မဟုတ်ပဲ တခြားအစိတ်အပိုင်းများကြောင့်ဖြစ်နိုင်သည်..အမျိုးအစားတူ motherboard socket မှာစမ်းသပ်တပ်ဆင်ကြည့်သော်လည်း ယခင် မိမိစက်မှာ တပ်ဆင်သကဲ့ သို့  problem ဖြစ်နေလျင် မိမိ cpu မကောင်းတော့တာ လို့  မှတ်ယူနိုင်ပါတယ်..ထိုအခါမှသာလျင် cpu အသစ် အစားထိုးလဲလှယ်ခြင်း (သို့ ) service ဆိုင်သို့ ပြုပြင်စေခြင်း များလုပ်ဆောင်နိုင်ပါတယ်..တကယ်တော့ cpu ပျက်တယ်ဆိုတာ ဖြစ်ခဲသော အရာဖြစ်ပါတယ်..ပုံမှန် cpu တစ်လုံးရဲ့ သက်တမ်းက ဆိုင်ကနေပြီးတော့ 2 နှစ်အာမခံ သုံးနှစ်အာမခံ သက်တမ်းပေးလိုက်ပေမဲ့  စနစ်တကျအသုံးပြုပါက ၁၀ နှစ်နှင့်အထက် တာဝန်ထမ်းဆောင်နိုင်ပါတယ်..

Creating Andriod Trojan in 5 steps

Android Trojan လုပ်ပုံလုပ်နည်းအကြောင်းတစ်စေ့တစ်စောင်းပြောကြည့်ရအောင်။ Trojan ဆိုတာကတော့ သိတဲ့အတိုင်းပဲ အစဉ်အလာနဲ့နေလာတာဆိုတော့ android os ပေါ်လာချိန်မှာသူလဲ တစ်ခေတ်ထနေပြန်ရဲ့။ အဲ့trojan တွေ ဘယ်လိုဝင်တာဆို တာတော့ ကိုယ်ပေးဝင်လို့ ဝင်တာပါပဲ။ ခင်ဗျားဖုန်းကို google က ကိစ္စအချို့ကို ဖယ်လိုက်လို့ သိပ်မအံသြပါနဲ့တဲ့။ malicious codeers တွေက Android အတွက် Trojan တွေရေးနိုင်ပါတယ်တဲ့ ။
ကဲထားပါတော့လေ။ဘယ်လိုလုပ်တယ်ဆိုတာလေးပဲပြောရအောင် :D
Technical Director for Security Reponse က Eric Chien က brand-new Trojan တစ်ကောင်ကို ပရိတ်သတ်ရှေ့မှာရိုးရှင်းသောနည်းတွေနဲ့ ရေးပြခဲ့ပါတယ်။ စိတ်မပူပါနဲ့ သူ sample app က အဲ့အခန်းထဲ မှာပဲရှိတာပါ။ တနည်းပြောရင် ဖျက်ပစ်လိုက်တယ်ပေါ့။ သူပုံစံအတိုင်းတစ်ခြားမြောက်များစွာသောအကောင်လေးတွေပဲ ထွက်လာတာ :D
ကဲ ခု Chien ရဲ့ ရိုးရှင်းတဲ့ငါးချက်ကိုပြောပါ့မယ်။
၁။ free app တစ်ခု download ဆွဲလိုက်ပါ။ လူကြိုက်များတဲ့တစ်ခုဆိုပိုကောင်းတာပေါ့။
၂။ PC နဲ့ Suit ဖြစ်မယ့် language compiler တစ်ခုနဲ့ source code ယူ ပြီးရင် CPU နားလည်တဲ့ assembly language ကိုပြောင်းလိုက်။ ဒီနည်းလမ်းတစ်လမ်းပဲရှိတယ် final executable file ကို source code ပြောင်းဖို့ဆိုတာ။ android app တွေက Java language နဲ့ရေးထားတာဆိုတော့ original source code ကို လွယ်ကူရိုးရှင်းတဲ့ tools တွေနဲ့ပြောင်းလို့ရပါတယ်။
၃။ ဒါကတော့နဲနဲလက်ဝင်တယ်လို့ပြောပါတယ်။ သုံးမယ့် app က user information တွေကို third party app တွေ ဆီေ၇ာက်အောင် သုံးလုပ်နိုင်မယ့် app တွေဆိုပိုကောင်းမယ်ဗျာ။ Chien ကတော့ demonstration မှာ Android.Geinimi ကို သုံးသွားပါတယ်။
၎။ Trojan code ထည့်တာကတော့ ရိုးရှင်းပါတယ်။ source code ရှိတဲ့ folder ထဲကို ထည့်မယ် ပြီးရင် Trojan code ကို တစ်ခြား app ထဲက code တွေထက် အရင် run အောင်နဲနဲချိန်းမယ်။ ပြီးရင် Trojanized app ကို device တစ်ခုလုံး ထိန်းချုပ်ခွင့်ရအောင် permission ပေးမယ်။ ပြီး ရင်တော့ အဲ့ app ကိုနာမည်ချိန်းလိုက်ပေါ့။ “FREE!!!!” လို့ပါရင် လူတိုင်းကြိုက်တယ်မလား။ (ဒါရေးပြီးရင် ဝယ်ပဲသုံးတော့မယ် app တွေကို :D )
၅။ အားလုံးပြီးသွားရင် တော့ modified app ကို compile လုပ်။ မပြောင်းလဲ ရှိတဲ့ market ပေါ်မှာ တင်လိုက်တော့။ ပြီးရင် ပြီးပြီ။
အခု လို Trojan မျိုးပါတဲ့ app ကို android Market က လက်မခံပါဘူးတဲ့။ လက်မခံလို့စိတ်မညစ်ပါနဲ့ တရုတ် ဖြစ် အောင်ကျင့်ကြံလိုက်။ China Market မှာသွားတင်လိုက်။ ကံကောင်းလို့ ကိုယ်ရေးတတ်ရင် တရုတ်မလှလှလေးတွေရဲ့ Photo လေးတွေရမှာနော်။ အဲ့ရကျင် အနော်ကို မမေ့နဲ့နော် :D
အကယ်လို့ tut အကုန်သိချင်ပါတယ်ဆိုလို့ရှိရင် The Hacker News က ထုတ်တဲ့ ၂၀၁၁ နိုဝင်ဘာလထုတ် မဂ္ဂဇင်းတွင် Demystifying the Android Malware ဆိုသောခေါင်းစဉ်ဖြင့် စာမျက်နှာ ၁၆ မှာပါရှိပါတယ်။ကျွန်တော် အဲ့ tutorial လုပ်ပြီးပါက မြန်မာလို တင်ပေးပါ့မယ်။ စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Gtalk မှာ Group ဖွဲ့ပြီး ပြောဖို့ Party Chat လုပ်ကြရအောင်


အုပ်စုဖွဲ့ပြီး Chat ကြဖို့အတွက်ကတော့ ပထမဦးဆုံး လုပ်ရမှာက http://partychapp.appspot.com/ ဆိုတဲ့ လိပ်စာလေးကို အရင်ဦးဆုံးသွားလိုက်ပါ။ အဲဒီ ဆိုဒ်လေး ပွင့်လာပြီဆိုတာနဲ့ Sign in မှာ မိမိရဲ့ Gmail account နဲ့ ပဲဝင်လိုက်ပါ။ အဲဒီနောက်မှာတော့ အောက်မှာပေးးထားတဲ့ အတိုင်းလိုက်လုပ်လိုက်ပါတော့။
နံပါတ်တစ်လုပ်ရမှာက Room name လို့ပေးထားတဲ့ နေရာလေးမှာ မိမိစိတ်ကြိုက် နာမည်လေးတစ်ခုဖန်တီးပါ။ ဥပမာ name@partychatapp.app spotchat.com ဆိုပြီးတော့ပေါ့။ ပြီးတော့ Room type မှာကတော့ ကိုယ်ကြိုက်ရာကို ရွေးခွင့်ရှိပါတယ်။ တစ်ခုသိထားရမှာက Invite only မှာက ကိုယ်တိုင်ဖိတ်ခေါ် ချင်တဲ့သူပေါ့။ မဖိတ်ခေါ်ပဲနဲ့ ၀င်လာလို့မရဘူးပေါ့လေ။ Open ကတော့ ကိုယ်ဖိတ်စရာမလိုဘူး ကိုယ့်ရဲ့လိပ်စာကို သိရင် ၀င်လာလို့ရတယ်။ အဲလိုမျိုးပေါ့။ Others to invite မှာတော့ ကိုယ်စပြီး ဖန်တီးတဲ့အခါ ကိုယ့်နာမည်ကို ထည့်ရိုက်ဖို့လိုပါတယ်။ ကိုယ်ပိုင်အီးမေးလ်ကို ရိုက်ရမှာပေါ့လေ။


ပြီးသွားတဲ့အချိန်မှာတော့ သင့်ရဲ့ Gtalk ထဲမှာ အခုလိုမျိုးလာပေါ်နေပါလိမ့်မယ်။


အဲဒီအခါ ကျရင် သင်က yes လုပ်လိုက်ရုံပေါ့။ သင်ဖန်တီးခဲ့တဲ့ နာမည်တွေနဲ့ပဲလာပေါ်ပါလိမ့်မယ်။ အခုပြထားတာက နမူနာပုံလေးပါ။ ပြီးရင်တော့ သင့် Gtalk ထဲမှာ အဲဒီ ဖန်တီးခဲ့တဲ့ နာမည်လေးက အရောင်လေးလင်းနေပါလိမ့်မယ်။ အဲဒီနောက်မှာတော့ သင်ဖိတ်ခေါ်ချင်တဲ့သူတွေကို ဖိတ်ခေါ်နိုင်ပါပြီ။ အဲလိုဖိတ်ခေါ်ဖို့အတွက်လည်း သင်က အခုပေးထားတဲ့ ပုံစံတွေအတိုင်းပဲ ရိုက်ထည့်ရပါလိမ့်မယ်။ /invite name@gmail.com က သင် ဖိတ်ခေါ်ချင်တဲ့သူအတွက်ပါ။ /list ကတော့ သင်နဲ့အတူ ဘယ်နှစ်ယောက်ရှိလဲဆိုတာ ကြည့်တာပေါ့။ ပြန်ထွက်ချင်ရင်တော့ /exit ရိုက်လို့လည်းရပါတယ်။ သင်ကလည်း ထွက်သွားပြီ သူလည်းထွက်သွားပြီ နောက်နေ့ တွေ့ ကြတဲ့အခါမှာတော့ ပြန်လည်ပြီးတော့ /invite name@gmail.com ကို ပြန်လည်ရိုက်ပြီးတော့ ခေါ်နိုင်ပါတယ်။ အဆင်ပြေကြပါစေ။ အောက်မှာပေးထားထာကတော့ မူရင်းဆိုဒ်က ရိုက်ပုံရိုက်နည်းတွေပါ။

/leave Leave this chat room. You can rejoin by sending another message to the room. If the room is invite-only, you may need to be re-invited.
/list See who is in the chat room.
/alias newalias Change what name you show up as in the room.
/inviteonly Toggle whether this room is invite only.
/invite someemail Invite someone to the room.
/me someaction Tell the room what you’re up to.
If you type /me is rolling his eyes, everyone sees [youralias] is rolling his eyes.
credit:zawhlainghtun

Sony Mobile website hacked by NullCrew

ယခုနှစ်အတွင်း နောက်ထပ်တစ်ကြိမ် အဖြစ် Sony Mobile website သည်နောက်ထပ်တစ်ကြိမ် အဖြစ် တိုက် ခိုက်ခံခဲ့ရပါတယ်...။ www.sonymobile.com သည် Hacker Group တစ်ခုဖြစ်သော Null Crew အဖွဲ့ မှတိုက် ခိုက်ချင်ကိုခံခဲ့ရပြီး user အများစုရဲ့ အချက်အလက်များကို ဖွင့်ချဖော်ထုတ် ခဲ့ပါတယ်...။ဒီသတင်းအချက် အလက်ကိုလဲ တိုက်ခိုက်သူများဖြစ်တဲ့ Null Crew ရဲ့ twitter account ထဲမှာဖော်ပြခဲ့ခြင်းဖြစ်ပါတယ်...။

သူတို့ဟာ ထွင်းဖေါက် ရယူထားသောသတင်းအချက် အလက် အစုအစည်းများကို Pastebin တွင်လဲ ဖော်ပြ ထားပြီး အောက်ပါ  သတိပေးစာကို ဖော်ပြခဲ့ပါတယ်....။

Stats of Dumps

  • 441 ယောက်သော အသုံးပြုသူများ၏ username များ email အကောင့်များ×××××
  • Think_users Table မှ 24 ယောက်သော user များ၏ Hash passwords များပါသွားခြင်း××××
  • admin_users Table မှ 3 ယောက်သော Admin များ၏ အချက်အလက်များပါဝင်သွားခြင်း×××××

တို့ပဲဖြစ်ကြပါတယ်...။

Caller ID spoofing

ခုတလော cracking ရောင်ရောင် hacking ရောင်ရောင်လုပ်နေတာနဲ့ post တောင်မရေးဖြစ်ဘူးဖြစ်နေတယ်။ ဘာရေးရမှန်းမသိတာလဲ ပါပါတယ် :D ။ စိတ်ကူးလေးပေါက်တုန်း ဗဟုသုတ ဆိုပြီး Spoofing အကြောင်းလေးတစ်ချက် ပြောကြည့်ရအောင်။ သိတဲ့ အတိုင်းပဲ ကျွန်တော်က mobile hacking အကြောင်းတာဝန်ယူထားတယ်ဆိုတော့ Caller ID spoofing ရေးထားပါတယ်။ What is Spoofing ?? Spoofing ဆိုတာကတော့ hackers တွေရဲ့ technique တစ်မျိုးပေါ့။ အချက်အလက်တစ်ခုကို သိချင်တဲ့ အခါမျိုးတို့ ဒါမှမဟုတ် ကိုယ့်ကို မသိစေချင်တဲ့အခါမျိုးတို့မှာသုံးပါတယ်။ အဲ့ spoof ရဲ့ အဓိပဿပါယ် လေးက အကြောင်းအရာတစ်စုံတစ်ကိုဟာသ အမြင်နဲ့ တုတာကို ပြောတာပါ။ What is Caller ID spoofing?? Caller ID spoofing ဆိုတာက ဖုန်းခေါ်ခံရမယ့်လူဘက်က ပေါ်မဲ့ Caller ID ကို လာနေကျ station ကမဟုတ်ပဲ တစ်ခြား number အနေနဲ့ဖော် ပြနိုင်တဲ့ telephone network ရဲ့ ဖြစ်ပေါ်လာတဲ့ အလေ့အကျင့်တစ်ခုပေါ့။ ဥပမာ မြန်မာနိုင်ငံက သူငယ်ချင်းတစ်ယောက် ကို ကိုယ်က ဒီနိုင်ငံက နံပါတ်မဟုတ်ပဲ တစ်ခြားနံပါတ်ဖြစ်အောင်ဖန်တီးပြီး ကိုယ်ဖုန်းနဲ့ ခေါ်တာမျိုးပေါ့။တစ်ဖက်လူကို မိမိ အကြောင်း trace လိုက်လို့ မရအောင် လုပ်တဲ့ ပုံစံမျိုးဖြစ်ပါတယ်။ email spoofing လိုပဲ ဘယ်က ပို့မှန်းမသိအောင် နေတဲ့ email sender အနေ သဘောမျိုးနဲ့ ဆက်သွယ်ခြင်းဖြစ်ပါတယ်။ ဘယ်နံပါတ်မျိုးမဆို Caller ID spoofing က caller တွေ အကြိုက်ဖန်တီးပေးနိုင်ပါတယ်။ Process of Providers ရိုးရှင်းတဲ့ spoofing service တစ်ခုရဲ့ process ကို ပြောပါ့မယ် ။ customer တစ်ယောက်က call spoofing company တစ်ခုမှာ Personal identification number (PIN) တစ်ခုကို ဝယ်လိုက်တယ် အဲ့ PIN က ခု prepaid တွေလိုပေါ့ call time အတိအကျပါတယ်။ ဘယ်နှနာရီပြောနိုင်မယ်ပေါ့လေ။ အဲဒါနဲ့ customer က ပေးထားတဲ့ Company က ပေးတဲ့ number ကို dial လုပ် သူရထားတဲ့ PIN ကို နှိပ်မယ်။ပြီးတော့ customer က ခေါ်မယ့် နံပါတ်ကို နှိပ်မယ်ပြီးရင် Caller ID ကို ပြောင်းချင်တဲ့ နံပါတ်ပြောင်းမယ်။ ဒါက User or customer ဘက်က လုပ်တာ။ အဲ့ customer နှိပ်ပြီးတာနဲ့ တပြိုင်နက် call က ဟို receive လုပ်မယ်လူဆီကို company က လွှဲပေးလိုက်ပြီ။ အဲ့မှာ တင် receive လုပ်တဲ့လူဘက်မှာ ဘယ်က မှန်းမသိသော Caller ID ပေါ်လာပြီပေါ့။ Web-based spoofing service တွေက provider တွေနဲ့ အကောင့်တွေလုပ်။ customer တွေကို သူတို့ website မှာ login ဝင်ပြီးရင် form ကို ပြည့်စုံအောင်ဖြည့်။အများစု company တွေ တောင်းတဲ့ အချက်တွေက ၁.source number ၂.destination number ၃.caller ID number တွေပါပဲ။ ဥပမာအနေနဲ့ http://www.teleturd.com/ မှာသွားကြည့်လို့ရပါတယ်။တစ်ချို့ company တွေဆို အသံပြောင်းလို့ရအောင်တောင် ထည့်ပေးပါသေးတယ်။ Caller ID spoofing တွေကို ဘယ်လိုင်းတွေမှာ သုံးတာများလဲဆိုရင် Voice Over Internet Protocol( VoIP)နဲ့ Primary Rate Interface(PRI)တို့မှာသုံးတာများပါတယ်။ နောက်ထပ် spoofing method တွေရှိပါသေးတယ်။ orange boxing တို့ဘာတို့ ပေါ့။ဟိုတစ်ခေါက်က ကျွန်တော် red boxing ရေးခဲ့ဖူးတယ်မလား။ ခု orange boxing ကသူ့အဆက် :D ။ ကျွန်တော် တစ်ခေါက်ရေးပေးခဲ့တယ့် spoofapp ဆိုတဲ့ android apk က လဲ caller id spoofing ပါပဲ။အဲ့ app ကတော့ US နဲ့ Canada မှာ ပဲ ရတယ်လို့ပြောပါတယ်။ ခုနောက်ပိုင်း spoofing နဲ့ပတ်သတ်တဲ့ apk တွေအများကြီးထွက်လာပါသေးတယ်။နောက်ဆုံး ကျွန်တော်သူငယ်ချင်းပေးတဲ့ msg spoof apk ကတော့ txtmyanmar.apk ပါ။အခါသင့် အခွင့်သာရင် orange boxing အကြောင်းထပ်ရေးပါမယ်လို့ ကတိပေးရင်း ဒီလောက်နဲ့ကျေနပ်မယ်လို့ထင်ပါတယ် :D ။ စာဖတ်ပရိတ်သတ်အပေါင်း ကိုယ်ရောစိတ်ပါကျန်းမာချမ်းသာပါစေ။ ဒါက ဗဟုသုတ အနေနဲ့ ရေးတာ ပါ ။ဒီနည်းတွေက Social engineering ကောင်းရင် ကောင်းသလောက် အသုံးဝင်ပါတယ်။ထို့ကြောင့် နောက်တစ်ခုဆုတောင်းတာက လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေလို့ :)