Computer ကို timer ပေးပြီး auto ပွင့်အောင် လုပ်ကြည့်မယ်
သားသား သိသလောက်လေး တင်ပြပါရစေ .......
အရင်ဆုံး Computer စတက်လာလာခြင်း Delete key ကို နှိပ်ပြီး BIOS ထဲ ကို
ဝင်လိုက်ပါ။
" Power Management setup" ကနေ " Resume by RTC Alarm" ကိုဝင်ပြီး
(Enable ) ပြောင်းလိုက်ပါ။ ( တချို့ BIOS တွေမှာ တော့ Weakup Event setup လို့
ပါလိမ့်ပါမယ်)
ပြီးရင် " Date ( of month ) Alram" သို့ ရွှေ့ပြီး ( Everyday ) လို့ ပြောင်းလိုက်ပါ။
တချို့ BIOS တွေကတော့ ( Everyday ပြောင်းလို့မရပါဘူး မိမိ ဖွင့်ချင်တဲ့ ရက်ကို
ရိုက်ထည့်ပေးရပါတယ်။)
ပြီးရင် "Time (hh:mm:ss) Alram" သို့ရွှေ့ပြီး မိမိ ထားချင်တဲ့ (hour. minutes, seconds) တွေကို ရိုက်ထည့်ပါ။
ပြီးရင် Save ပြီး BIOS ကနေထွက်လိုက်ပါ။
ဒါဆို ရပါပြီ။
သက်ဆိုင်ရာ power cable တွေကိုတော့ auto join ပေးထားဖို့တော့ လိုလိမ့်မယ်နော်။
Computer မှာ Passwords တွေပေးထားရင်တော့ computer က passwords
ရိုက်ရမယ့်နေရာ ရောက်ရင်တော့ ရှေ့ဆက်မသွားပဲ ထိုနေရာမှာပဲ ရပ်နေပါလိမ့်မယ်။
No comments:
Post a Comment