Showing posts with label လက်တွေ့ အသုံးချ နည်းပညာ လေးများ. Show all posts
Showing posts with label လက်တွေ့ အသုံးချ နည်းပညာ လေးများ. Show all posts

Tuesday, July 31, 2012

Cafezee ကို Hack ကြည့်ရအောင်

    Cafezee ကို hack ကြရအောင်ဗျာ.(ဒါများ လွယ်လွယ်လေး လို့ ပြောကြမယ် ထင်တယ် :P .. Tutorial တစ်ခုအနေနဲ့ပါ) ကြိုးစားပြီး အပြည့်စုံဆုံး ဖြစ်အောင် ရေးထားပါတယ်။
အပိုင်းနှစ်ပိုင်းခွဲထားပါသည်။ပထမပိုင်း  ကို သင် အင်တာနက် ဆိုင်ရောက်၍ စတင် သုံး သုံးခြင်း လုပ်ဆောင်ရမည်။ ဒုတိယပိုင်း သည် သင် သုံး၍ ပြီးလျှင် လုပ်ဆောင်ရမည်။

ပထမပိုင်း
c:\WINDOWS\system32 အောက်ရှိ client.pra နဲ့ client2.pra ဆိုတဲ့ file နှစ် file ကို copy ကူးပြီး Desktop ပေါ် paste ချပါ။(ပုံမှန်အတိုင်း ၄င်းနှစ်file သည် system32 အောက်တွင် ရှိသည်. မရှိပါက တစ်ခြား partition ထဲသို့ ၀င် Cafezee folder အောက်တွင် ၀င်ရှာပါ။)


၎င်း နှစ် file အား Microsoft access ဖြင့်ဖွင့်ပါ။Password တောင်းပါလိမ့်မည်။ vanarp117 ဟု ရိုက်လိုက်ပါ။
ပွင့်သွားပါက Control သို့ဝင်ပြီး Admin password (အောက်ပုံမှာ အနီရောင်နဲ့ တားထား) ကို ဖျက်လိုက်ပါ။

ပြီးလျှင် ထွက်လိုက်ပါ။ (save လုပ်စရာမလိုပါဘူး.. လုပ်လို့လဲမရပါ save နေရာတွင်

မီးခိုးရောင်ဖြစ်နေလိမ့်မည်။)



နှစ် file စလုံး ကို ထိုအတိုင်းလုပ်ပါ။
ပြီးလျှင် Ctrl+alt+delete ဖြင့် Task manager ခေါ်ပြီး Explorer.exe အား end process လုပ်ခြင်းဖြင့် Cafezee အား Kill လိုက်ပါ။(Explore.exe ဖြစ်သည် explore.exe မဟုတ်ပါ)
ပြီးလျှင် ခုန ပြင်ထားတဲ့ နှစ်file ကို မူလ နေရာသို့ ပြန်ကူးထည့်လိုက်ပါ။ နာမည်တူ ရှိနေ၍ overwrite မလားဟုမေးမည် .. yes to all ပေးလိုက်ပါ။
Cafezee အားပြန် run ပါ..

ဒုတိယပိုင်း
Cafezee ရဲ့  Admin option ထဲဝင်ပါ။ password တောင်းမည်။ ဖျက်ပြီးပြီ ဖြစ်၍ ဘာမှ မရိုက်ပဲ OK နှိပ်လိုက်ပါ။ သူ့ရဲ့  Admin ထဲဝင်သွားပါပြီ။


အဲ့ဒိမှာ ဘယ်ဘယ်အောက်ထောင့် နားလောက်မှာ Adjustment ဆိုတာရှိတယ် နှိပ်လိုက်ပါ..
TextBox နှစ်ခု အသေးတခု အကြီးတခု တွေ့မယ် . အောက် အကြီး က comment.. အပေါ်တခု မှာ လျှော့ ချင်တဲ့ amount ကို ရိုက်ရမည်.
ဥပမာ-(ပိုက်ဆံဖြင့် သုံး သူဆိုလျှင် ကိုယ်ကျ တဲ့ ပိုက်ဆံ က ၅၀၀ ဆိုရင် အဲ့ဒိမှာ ၅၀၀ ထိအများဆုံးလျှော့ လို့ရတယ်)
(Member ဆိုရင် ကိုယ်သုံးထားတယ့် အချိန် က ၁နာရီခွဲ ဆိုရင် မိနစ်နဲ့ တွက်ရင် ၉၀ မိနစ် .. မိနစ် ၉၀ ထိ အများဆုံးလျှော့လို့ ရတယ်)
လျှော့ပြီးပြီဆိုရင် close session နှိပ်ပါ။ (Continue နှိပ်လို့မရပါ ဘာမှထူးမည်မဟုတ်ပါ)

AID
Cafezee ကို kill ပြီး file နှစ် file ကိုပြန်ထည့် တာ။ ပြန် run တာ။ ကို မြန်နိုင် သမျှ မြန်မြန် ပြုလုပ်ပါ။
သင်လျှော့ သည့် ပမာဏ သည်လဲ  ယုတ္တိတန် ပါစေ..

Task manager အား ပိတ်ထားသည် ဆိုပါက အောက် တွင် ပေးထားသည့် Kill Process ကိုဒေါင်းပြီး kill နိုင်ပါသည်
Microsoft access မရှိပါက လည်း သုံးနိုင် ရန် အောက်တွင် portable Microsoft office 2003 အား download လုပ်နိုင်ပါသည်။ သင့် pen drive ထဲထည့်၍ လိုအပ်သည့် အချိန်အဆင်သင့်သုံးပါ။
ဒီလောက်ဆိုရင် ပြည့်စုံပြီထင်ပါသည်။ 
ပြသနာတက်လျှင် ကျွန်တော် မပါပါ ဟိဟိ .................................          


Killprocess        http://www.ziddu.com/download/10947458/KillProcess.exe.html

Portable MSoffice 03      http://www.mediafire.com/?qxz78o4p475ivr4                                  
                                                                                                

Monday, July 16, 2012

routerpassview


သူငယ်ချင်း ဆီကရတာပါ။သူပြောတာတော့ လန်ထွက်နေအောင်းကောင်းတယ်ဆိုလား။
စောက်ရမ်းလန်းတယ်ဆိုလားပဲ.သုံးကြည့်တော့မှကျွန်တော်တောင် ပြုံးစစ ဖြစ်သွားတယ်။
တကယ်ဗျ။ဆော့ဝဲက လန်ထွက်နေအောင် အသုံးကျပါတယ်။
မျှဝေပေးသော ကိုနေသော့်ကို ကျေးဇူးပါပဲ။သုံးနည်းတော့မပြောတော့ပါဘူး။နည်းနည်း အန္တရာယ်များပါ တယ်။ဒီလောက်သိရင် တော်ရောပေါ့ဟုတ်ဘူးလား။ဆော့ဝဲကတော့အောက်ကနေဒေါင်းလိုက်ပါ။


http://www.mediafire.com/?tdtb2xjz5jysb1s

ကွန်ပြူတာ တစ်လုံးက နေတစ်လုံးပိတ်နည်း


ဒီပို့(စ်)လေးကို နည်းပညာပိုင်းကိုလေ့လာနေသော သူများ ဗဟုသုတရစေရန် တင်ပေးခြင်းဖြစ်ပါတယ် ။။။
ကောင်းတယ် မကောင်းဘူးဆိုတာ ကနည်းပညာနဲ့ မဆိုင်ပါဘူး အသုံးပြုသူရဲ့ အပေါ်မူတည်ပါတယ် ။။
ကောင်းတဲ့နေရာမှာ အသုံးပြုပါလို့ တော့တိုက်တွန်းလိုက်ပါတယ် ......
အင်တာနက်ဆိုင်တွေမှာ အခြားကွန်ပြူတာကိုပိတ်ချင်ယင် နံပါတ်တစ် CMD ကို အရင်ဆုံးဖွင့်လိုက်ပါ 
ပြီးယင် အဲ့ထဲမှာ net view လို့ရိုက်လိုက် ပြီးယင်တန်းတားခေါက် လိုက် 
အင်တာနက်ဆိုင်မှာရှိတဲ့ စက်နံမည်တွေ ပေါ်လာလိမ့်မယ် များသောအားဖြင့်ဆိုင်တွေ မှာစက်နံပါတ်နဲ့ စက်နံမည်ကိုတူတူ ထားကြတယ် ကိုပိတ်ချင်တဲ့စက်နံမည်ကို မှတ်ထားလိုက် 
အရေးကြီးတယ် နော် ဟဲဟဲ 
နံပါတ်2 ကတော့ အဲ့ CMD ထဲမှာပဲ shutdown -i လို့ရိုက်လိုက် ပြီးယင်အန်းတားခေါက်လိုက် 
ဒီနေရာမှာ နဲနဲပြောစရာရှိတယ် shutdown နဲ့ -i ကြားမှာ space ရှားတယ်နော်
ဒါဆို ဇယားကွက်လေး တစ်ကွက်တက်လာလိမ့်မယ်

နောက်ဆုံးအဆင့်ကတော့ အဲ့ ဇယားကွက်လေးမှာ အပေါ်ဆုံးမှာရှိတဲ့ Add ဆိုတာကို နှိုပ်လိုက် ပြီး ခုနကမှတ်ထားတဲ့ စက်နမည်ကိုထည့် လိုက် ပြီးယင် ok
ပြီးယင်  second ဆိုတဲ့နေရာမှာ ကိုယ်ပိတ်ချင်တဲ့ အချိန်ကိုထည့်လိုက် 
ပြီးယင်မက်ဆေ့ပေး ပြီး OK လိုက်တော့ 
မောင်မင်းကြီးသားရဲ့ စက်ပိတ်သွားလိမ့်မယ် ဟီးးးးးးးး :P 


Tuesday, July 3, 2012

Deep Freeze ရှင်းတမ်း (Latest Version)

Deep Freeze ရှင်းတမ်း (Latest Version)

မနေ့ကကျွန်တော်သူငယ်ချင်းတစ်ယောက်က Deep Freeze နဲ့ ပတ်သက်ပြီးအကူညီတစ်ခုတောင်းခဲ့ပါတယ်။သူတောင်းခဲ့တာကတော့ password ပြသနာတစ်ခုဖြစ်ပါတယ်။
Deep Freeze password ကိုသူမေ့သွားလို့ပါတဲ့။ဒါဆိုရင် ဘယ်လိုလုပ်ရမလဲ deep freeze ကိုဖြုတ်ချ
ရုံရှိတော့တာ ပေါ့။တကယ်တမ်းက deep freeze ဆိုတာဖြုတ်ချဖို့ကတော့ ပြောသလောက်မလွယ်ပါ။
နောက်ပြီးကျွန်တော်သူငယ်ချင်းဖြစ်တာက version 6.62 ပါ။ဒါကြောင့် အရင်က သုံးခဲ့တဲ့ Deep Freeze password remover tool ကိုသုံးလို့မရတော့ပါဘူး။သူက version 5 ကနေ 6အထိပဲသုံးရတာပါ။ကျွန်တော်
ခုပြောပြမယ့်နည်းကတော့ latest version ဖြစ်တဲ့ 7.0 သုံနိုင်မှာပါ။ နောက်ပြီးကျွန်တော့် tools လေးက
ဖြုတ်ချဖို့ ကော။ password ပြောင်းဖို့ကောသုံးနိုင်ပါတယ်။



(၁) ပထမဆုံး Deep Freeze Hacking Tool လေးကိုဒေါင်းလုပ်ဆွဲလိုက်ပါ။
ဒီမှာဒေါင်းလိုက်ပါ
ပြီးရင် Extract လုပ်လိုက်ပါ။ နောက်ပြီး deepfreeze friend v.0.5 ကို run လိုက်ပါ။
အောက်မှာပုံနဲ့ပြပေးထားတယ်။



(၂)။ပြီးရင် အထက်ကပုံအတိုင်း Open new process ကိုရွေးလိုက်ပါ။ နောက်ပြီး start button လေးကိုနှိပ်
လိုက်ပါ။ Deep Freeze remover သည် deep freeze နောက်တစ်ခုကိုထပ် လုပ်ပေးပါလိမ့်မယ်။
အောက်ပုံကိုကြည့်ပါ။တကယ်ကတော့ အသစ်လုပ်ပြီးအဟောင်းကို ဖြုတ်ချပြစ်တာပါ။



(၃) နောက်ပြီး OK ကိုကလစ်ပါ။အောက်ကပုံအတိုင်းမြင်ရမှာပါ။




(၄) နောက်တစ်ဆင့်ကတော့ status ထဲက Boot Thawed ကို ရွေးလိုက်ပါ။ပြီးရင် OK နှိပ်ပြီး ထွက်လိုက်ပါ။ ပြီးရင် restart ချလိုက်ပါ။
Window ပြန်တက်လာရင်သင်ပြုံးရမှာပါ။ဘာလို့လဲ ဆိုတော့ သင့် Desktop ရဲ့ ညာဘက်အောက်ဒေါင့်
Deep Freeze logo လေးက ကြက်ခြေခက်လေးနဲ့သင့်ကိုပြုံးပြနေပါလိမ့်မယ်။







နောက်တစ်ခုက သင် password ပြောင်းချင်တယ်ဆိုရင်။
Password ထဲကိုဝင်ပြီး သင့်password အသစ်ကို change နိုင်ပါပြီး။

ကဲဒါလေးကို လိုချင်ရင်ဆောင်ထားပေါ့ဗျာ။


                                                                                      ရွှေကိုရံတော်ဆိုဒ်မှမျှ ဝေသည်

Sunday, July 1, 2012

Computer ကို timer ပေးပြီး auto ပွင့်အောင် လုပ်ကြည့်မယ်

Computer ကို timer ပေးပြီး auto ပွင့်အောင် လုပ်ကြည့်မယ်

 Computer ကို timer ပေးပြီး auto ပွင့်အောင် လုပ်ကြည့်မယƟ
သားသား သိသလောက်လေး တင်ပြပါရစေ .......

အရင်ဆုံး Computer စတက်လာလာခြင်း Delete key ကို နှိပ်ပြီး BIOS ထဲ ကို
ဝင်လိုက်ပါ။

" Power Management setup" ကနေ " Resume by RTC Alarm" ကိုဝင်ပြီး
(Enable ) ပြောင်းလိုက်ပါ။ ( တချို့ BIOS တွေမှာ တော့ Weakup Event setup လို့
ပါလိမ့်ပါမယ်)

ပြီးရင် " Date ( of month ) Alram" သို့ ရွှေ့ပြီး ( Everyday ) လို့ ပြောင်းလိုက်ပါ။
တချို့ BIOS တွေကတော့ ( Everyday ပြောင်းလို့မရပါဘူး မိမိ ဖွင့်ချင်တဲ့ ရက်ကို
ရိုက်ထည့်ပေးရပါတယ်။)

ပြီးရင် "Time (hh:mm:ss) Alram" သို့ရွှေ့ပြီး မိမိ ထားချင်တဲ့ (hour. minutes, seconds) တွေကို ရိုက်ထည့်ပါ။

ပြီးရင် Save ပြီး BIOS ကနေထွက်လိုက်ပါ။
ဒါဆို ရပါပြီ။

သက်ဆိုင်ရာ power cable တွေကိုတော့ auto join ပေးထားဖို့တော့ လိုလိမ့်မယ်နော်။

Computer မှာ Passwords တွေပေးထားရင်တော့ computer က passwords
ရိုက်ရမယ့်နေရာ ရောက်ရင်တော့ ရှေ့ဆက်မသွားပဲ ထိုနေရာမှာပဲ ရပ်နေပါလိမ့်မယ်။

မိမိ ကွန်ပျူတာpassword ခံထားမယ်

မိမိ ကွန်ပျူတာpassword


နောက်တစ်ခုပြောပြချင်တာကတော့ မိမိက ဟိုနားဒီနားကို ခဏတစ်ဖြုတ် သွားစရာရှိတယ်
ကွန်ပျူတာ ကို လဲ မပိတ်ခဲ့ ချင်ဘူး မိမိ ကွန်ပျူတာကို လဲ သူများဝင်မကိုင်စေချင်ဘူး ဆိုရင်
ဘယ်လိုလုပ်ရမလဲဆိုတော့ ဒီလိုလုပ်ပါဗျာ
Run box မှာ control desktop ကို ရိုက်ထည့်ပါ
Display properties ဆိုတဲ့ dialog box ကျလာပါမယ်
Screen saver ကို ရွေးပါမယ် အလယ်နားလေးက
On resume ,display Welcome screen ဆိုတဲ့
စာကြောင်းလေးကို check လုပ်ပြီးတော့
Wait နေရာမှာ မိမိနှစ်သက်တဲ့ မိနစ်ကို ရွေးပြီး
Apply , Ok ပေါ့ဗျာ မိမိ accept ပေးထားတဲ့ မိနစ်ပြည့်သွားတာ နဲ့
Window က auto password ခံသွားမှာဖြစ်ပါတယ်..


(မှတ်ချက်။ password မှာ user account password အတိုင်းပင်ဖြစ်ပါတယ်၊
ကွန်ပျူတာမှာ user password ခံမထားဘူးဆိုရင်တော့ အကျိုးသက်ရောက် မှု့ မရှိပါဘူး)
အကျိုးရှိရှိ အသုံးချနိင်ကြပါစေ…

Contral panal ပျောက်လျှင်


My computer ကိုဖွင့်ပါ Tools---> Folder Options ကို click နိုပ်ပါ။ View ကို click နိုပ်ပါ.. Advanced setting : အောက်က
Show Control Panel in My Computer ကို check လုပ်ပါ ။ Apply ကို click နိုပ်ပါ ok ကို click နိုပ်ပါ ၊ ဒါဆိုရင်ပေါ်လာပါမည်။
Administrator ကိုဝင်ချင်တာလား မသိဘူးနော် အဲဒါဆိုရင်တော့ Welcome Screen ပေါ်လာတဲ့အချိန်မှာ Ctrl + Alt +Delete ကိုတွဲ နိုပ်ပါ
classic login box ပေါ်လာပါမည်။ name မှာ administrator ရိုက်ထည့်ပြီး ၀င်သွားပါ။ password တော့သိရမယ်နော်။
password မသိရင်တော့ computer ဆိုင်ရာဆွေးနွေးချက်များထဲ ၀င်ပြီး password ဖြုတ်တဲ့ software ကို download ချလိုက်ပေါ့ :P